ဟိုပန်စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

ဟိုပန် မတ် ၈

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ဟိုပန်စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြန်မာစာဘာသာရပ်ကို  စတင်ဖြေဆိုလျက်ရှိပါသည်။

စာမေးပွဲတွင် ဘာသာတွဲ(၁)၌ ဖြေဆိုသူ ကျား(၁၈)ဦး၊ မ(၁၇)ဦး၊ ပေါင်း(၃၅)ဦး၊ဘာသာတွဲ(၂)၌ ဖြေဆိုသူ ကျား(၃)ဦး၊ မ(၁)ဦး၊ ပေါင်း(၄)ဦး၊ ဘာသာတွဲ(၇)၌ ဖြေဆိုသူကျား(၈)ဦး၊ မ(၁၀)ဦး၊ ပေါင်း(၁၈)ဦး၊ စုစုပေါင်း ဖြေဆိုသူ ကျား(၂၉)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း(၅၇)ဦး ဖြေဆိုခဲ့ပြီး ပျက်ကွက်မှာ ကျား(၂)ဦး၊ မ(၄)ဦး၊ ပေါင်း(၆)ဦး ရှိခဲ့ပါသည်။

အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသူ/ကျောင်းသားများ  စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး၊ လိုအပ်ချက်အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)