Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့် အချိုရေနှင့်အာဟာရပြည့်မုန့်များဖြန့်ဝေ
Mar 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အထက်တန်းအဆင့် အခြေခံအင်္ဂလိပ်စာ သင်တန်း(အခမဲ့)ဖွင့်ပွဲ ကျင်းပ
Mar 09,2023
ကျောင်းသားလူငယ်များနေဖြင့် နွေရာသီအားလပ်များတွင် အချိန်ကိုကောင်းစွာ အသုံးချတက်စေရန် အဂ်လိပ်စာဘာသာရပ်အားခြေခံမှစ၍ လေ့လာသင်ယူပြီး ကျွမ်းကျင်စွာရေးနိုင်၊ ပြောနိုင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အထက်တန်းအဆင့် အခြေခံအင်္ဂလိပ်စာသင်တန်း(အခမဲ့)ဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့ မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သိကောင်းစရာ Talk Show ပြုလုပ်ဆောင်ရွက်
Mar 09,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သိကောင်းစရာ Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးတွင် ဒသမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲကပ်လှူပွဲကျင်းပ
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အမှတ်(၁၁)ရပ်ကွက်၊ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးတွင် ဒသမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲကပ်လှူပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က သာစည်ဘုရားကြီး ရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Mar 09,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွေရာသီအားလပ်ရက် အခြေခံစစ်တုရင်သင်တန်း ဆက်လက်ဖွင့်လှစ်သင်တန်းသားများ စိတ်ပါဝင်စားစွာ တက်ရောက်
Mar 09,2023
နွေရာသီကျောင်းအားလပ်ရက် အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် မိမိစိတ်ပါဝင်စားသည့် အားကစားနည်းကို အခြေခံစနစ်တကျ တတ်မြောက်စေရန် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံစစ်တုရင်အားကစားသင်တန်းကို ရှမ်းပြည်နယ် ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မတ်(၃)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသားသင်တန်းသူများမှ စိတ်ဝင်တစားတက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် အသက်(၆)လမှ (၅)နှစ်ခွဲအောက် ကလေးသူငယ်များအား သန်ချဆေးနှင့် ဗီတာမင်အေ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး
Mar 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၆)လမှ အသက် (၅)နှစ်ခွဲ အောက် ကလေးသူငယ်များ ပုံမှန် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီမှစတင်၍ လဟယ်မြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး၌ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ "အေးမေတ္တာ" ဘိုးဘွား ရိပ်သာ၌ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ အချိန်ခန့်က ပြုလုပ် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13043
Page
13044
Page
13045
Page
13046
Current page
13047
Page
13048
Page
13049
Page
13050
Page
13051
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department