လဟယ် မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၆)လမှ အသက် (၅)နှစ်ခွဲ အောက် ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီမှစတင်၍ လဟယ်မြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး၌ တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး တိုက်ကျွေးရာတွင် သန်ချဆေးနှင့် ဗီတာမင်အေ ကာကွယ်ဆေးကို လဟယ်မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်ရှိ အသက်(၆)လမှ အသက်(၅)နှစ်အောက် ကလေးသူငယ်များကို တိုက်ကျွေးပေးလျက်ရှိ ကြောင်း သိရသည်။
လဟယ် (ပြန်/ဆက်)