အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့်အဖွဲ့သည် မတ်လ ၉ ရက်နေ့နံနက် ၁၀ နာရီအချိန်က  ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ပေါက်တပင်မျိုးသန့်ခြံသို့ ရောက်ရှိပြီး  လုပ်ငန်းများအား စစ်ဆေးခဲ့ပြီး မျိုးစေ့နှင့်ပတ်သက်၍ တောင်သူအကြိုက် မျိုးစေ့များရွေးချယ်၍ ဆောင်ရွက်ရန် အထွက်နှုန်းကောင်းမျိုးသန့်များအသုံးပြုရန် မှာကြားခဲ့ပါသည်။
Mar 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “အလုပ်သမားရေးရာ” အသိပညာပေး TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 09,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင် ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 09,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃:၀၀နာရီက မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 09,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကလေးငယ်များ အသိပညာဗဟုသုတ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆိုပါရုံး ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် တပေါင်းလဆုတ်(၃)ရက်နေ့ ညနေ့ပိုင်းက အေးငြိမ်းသုခဓမ္မရိပ်သာကျောင်းတိုက် ရင်ပြင်မှစ၍ မြို့ပေါ်ရပ်ကွက်များသို့ ရဟန်းသာမဏေများ ကြွရောက်ရာ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူ အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။
Mar 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။