ညောင်ရွှေ မတ် ၉
နွေရာသီကျောင်းအားလပ်ရက် အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် မိမိစိတ်ပါဝင်စားသည့် အားကစားနည်းကို အခြေခံစနစ်တကျ တတ်မြောက်စေရန် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံစစ်တုရင်အားကစားသင်တန်းကို ရှမ်းပြည်နယ် ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မတ်(၃)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသားသင်တန်းသူများမှ စိတ်ဝင်တစားတက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ အခြေခံစစ်တုရင်သင်တန်းတွင် မြို့နယ်စစ်တုရင်ကော်မတီမှ လက်ရွေးစင်ကစားသမားဟောင်းများမှ သင်ကြားပို့ချပေးလျက်ရှိပြီး အလားတူတိုက်ကွမ်တိုသင်တန်း၊ ပိုက်ကျော်ခြင်းသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ အေရိုးဗစ်သင်တန်းများတွင်လည်း သင်တန်းသားသင်တန်းသူများ စိတ်ဝင်တစား တက်ရောက်လျက်ရှိကြကြောင်းနှင့် အဆိုပါသင်တန်းများကို မတ်လ(၁၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ