တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre  )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

တောင်သာ မတ် ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က  စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသော လူငယ်တွေစဉ်းစားဖို့ စာအုပ်မှ အောင်မြင်တဲ့လူငယ်တစ်ရောက် ဖြစ်ဖို့ အခန်းအား ဖတ်ကြားရာတွင် လူငယ်များအနေဖြင့် ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘာဖြစ်ချင် တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာစွဲနေအောင် နှလုံးသွင်းထားပါ။  ငယ်ရွယ်စဉ်ကတည်းက လိုအပ်တဲ့ အချိန်ကို ရယူနိုင်ရန် လေ့ကျင့်ထားပါ။ မလိုလားအပ်သောနေရာများတွင် အကြောင်းမဲ့ အချိန်မဖြုန်း ပါနဲ့၊ စတင်လုပ်ဆောင်လိုက်သော ကိစ္စရပ်တစ်ခုကို မည်သည့်အတွက်ကြောင့်ဖြစ်စေ ကိုယ့်ဘက်က မဖျက်ပါနှင့် မိမိပတ်ဝန်းကျင်က လေးစားယုံကြည်တန်ဖိုးထားရသော သူတစ်ယောက်ဖြစ်အောင် မိမိအလုပ်ကို တန်ဖိုးထားလေးစားပါ။ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေအားလုံးကို လေးလေး စားစား ဆက်ဆံပါ တစ်ပါးသူ၏အမြင်၊ သဘောထား၊ ခံစားချက်များကို အလေးထားကာ အတတ် နိုင်ဆုံး နားလည်ပေးပါ။ အများနှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် မိမိဆန္ဒတစ်ခု တည်းကို ဦးစားမပေးပါနှင့် မိမိတစ်ဦးတည်းသဘောဆန္ဒကို ဇွတ်မလုပ်ပါနှင့် တစ်ပါးသူ၏ အကြံ ဉာဏ်များကို အလေးထားဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ပါ။ ထောင်တတ်သောနားရှိပါ။ မည့်သည့်ကိစ္စတွင်မဆို တစ်ပါးသူပြောသည့်အခါ စိတ်ဝင်တစား နားထောင်တတ်ရန် အရေးကြီးပါ သည်။ အယူအဆ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ စိတ်ရှည်လက်ရှည် နားထောင်ဖို့လိုပါတယ်။ လိမ်ညာဟန်ဆောင်ခြင်းသည် ခဏာတာအထင်ကြီးမှုကို ရကောင်းရနိုင်သော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်၏ ယုံကြည်မှုကို ဆုံးရှုံးနိုင်မှာဖြစ်ပြီး အမှန်တရားကို ချစ်မြတ်နိုးပါ။ ရိုးသားမှုကို တန်ဖိုးထားပါ စသည်များအား တက်ရောက်လာသူများက  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)