စစ်ကိုင်း မတ် ၉
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သိကောင်းစရာ Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဂေဟစနစ်များနှင့် ဂေဟစနစ် အမျိုးအစားများ၊ မြန်မာနိုင်ငံအတွင်း ဂေဟစနစ်ဒေသများအကြောင်း၊ ဂေဟစနစ်များ ပျက်စီးလာပြီး ပျက်စီးရသည့် အကြောင်းရင်းများ၊ ဂေဟစနစ်ပျက်စီးမှုတွေကို ဘယ်လိုထိန်းသိမ်း ကာကွယ်သွားမလဲ ဆိုသည့် အသိပညာများကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ပိုမိုရရှိစေရန် Talk Show များ ဆောင်ရွက်ခြင်း၊ သုတ/ ရသစာအုပ်/ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းနှင့် ပြပွဲ/ပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်