လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အထက်တန်းအဆင့် အခြေခံအင်္ဂလိပ်စာ သင်တန်း(အခမဲ့)ဖွင့်ပွဲ ကျင်းပ

တကောင်း မတ်

ကျောင်းသားလူငယ်များနေဖြင့် နွေရာသီအားလပ်များတွင် အချိန်ကိုကောင်းစွာ အသုံးချတက်စေရန် အဂ်လိပ်စာဘာသာရပ်အားခြေခံမှစ၍ လေ့လာသင်ယူပြီး ကျွမ်းကျင်စွာရေးနိုင်၊ ပြောနိုင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အထက်တန်းအဆင့် အခြေခံအင်္ဂလိပ်စာသင်တန်း(အခမဲ့)ဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့ မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်မှ သင်တန်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးမှ သင်းတန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းချက်များကိုရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် သင်တန်းကြီးကြပ်မှုကော်မတီနာယက ဦးကျော်ကျော်မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ကြားပေးသည့် အင်္ဂလိပ်စာဘာသာရပ်အား ကောင်းစွာကြိုးစားသင်ယူစေလိုကြောင်း၊ အဂ်လိပ်စာကျွမ်းကျင်စွာ တက်မြောက်ခြင်းဖြင့် မိမိတို့လက်တွေ့ဘဝတွင်ကောင်း စွာအသုံးချနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသားမိဘများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ သင်တန်းကို အချိန်မှန်တက်ရောက်နိုင်ရေး ဝိုင်းဝန်ကူညီပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အထက်တန်းအဆင့် အခြေခံအဂ်လိပ်စာသင်တန်းသို့ တကောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၂၁)ဦး တက်ရောက်သင်းကြာလျက်ရှိပြီး သင်တန်းကာလကို မတ်လ(၈)ရက်နေ့မှ ဧပြီလ(၁၁)ရက်နေ့ထိ (၁)လနှင့်(၄)ရက်ကြာသင်ကြားသွားမည် ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်၊ မြို့ဌာနဆိုင်ရာများ၊ သင်တန်းကြီးကြပ်မှုကော်မတီများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)