ကျောင်းကုန်း မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ "အေးမေတ္တာ" ဘိုးဘွား ရိပ်သာ၌ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ အချိန်ခန့်က ပြုလုပ် ခဲ့ကြသည်။
အဆိုပါ "အေးမေတ္တာ" ဘိုးဘွားရိပ်သာ၌ အဘိုး(၂)ဦးနှင့် အဘွား(၆)ဦး၊ ကျောင်းထိုင် ဆရာတော်နှင့် သံဃာ (၁၃)ပါး၊ သာမဏေ(၅)ပါးနှင့် သီလရှင်(၃)ပါးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် မုန့်နှင့် အာဟာရ ဖြည့် အချိုရည်ထုပ်များ စုစုပေါင်း ငွေကျပ် (၇)သောင်းခန့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)