အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာ တောင်သူ ဦးဇော်လှိုင်ထွန်း၏ ကွင်းအမှတ် (၄၉၉-A)၊ ဦးပိုင်အမှတ် (၁/၁)၊ ဧရိယာ(၁.၅၀)ဧကရှိ စိုက်ခင်း၌ ဆီထွက်သီးနှံ ဆောင်းနေကြာရေဆင်းစပ် မျိုး (၁/၁)မျိုးစေ့ထုတ် စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို မတ်လ (၉)ရက်နေ့ နံနက်(၉)နာရီ အချိန်က ပြုလုပ်ခဲ့သည်။
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်သည်။
Mar 09,2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဖွံ့ဖြိုးမှု စက်ချုပ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် (၁) နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများ အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ် မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Mar 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာတိုးတက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ခဲပန်းချီသင်တန်းနှင့် အင်္ဂလိပ်(Speaking)သင်တန်းများကို ယနေ့နံနက်(၁၀)နာရီမှစ၍အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Mar 09,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခြင်းကို မတ်လ(၉)ရက်နေ့ နံနက် ၈ နာရီခန့်က အမှတ်(၁) ရပ်ကွက် တောင်သူ ဦးမြင့်မောင်ပိုင် ကွင်းအမှတ် ၁၆၊ စကားဝါ မြိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။