အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2023
ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၃/၂၀၂၃)ကို မတ်လ(၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
Mar 10,2023
ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာ​စောင် ဖြန့်​ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး​ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ   ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားထားသည့် “မျိုးဆက်သစ်တိုးတက်ရစ်ဖို့(၃+၄)” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 10,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါ ကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 10,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံငရုတ်များ စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ငရုတ်အစပ်သီး တစ်ကီလိုလျှင် ကျပ် ၃၀၀၀ ခန့် ရရှိ၍ ခူးဆွတ် ရောင်းချနေရလျက် ရှိသည်။
Mar 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နမ့်လန်းကျေးရွာအုပ်စု၊ ပါထွန် ကျေးရွာအနီး  ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးလယ်ယာမြေ ဧက ၂၂၀ ကျော် စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်မည့် ဖိုင်ပါကွေ့ ရေလွဲဆည်သည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
Mar 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၅ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 10,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၂၀၀ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။