Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တမူးမြို့တွင် နေကြာသီးနှံ မြေသြဇာထောက်ခံ နှုန်းထား ထည့်သွင်းခြင်းနှင့် Green Manure (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း လုပ်ငန်များဆောင်ရွက်
Mar 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံ မြေသြဇာထောက်ခံ နှုန်းထား ထည့်သွင်းခြင်းနှင့် Green Manure ( ပိုက်ဆံလျှော်) ထည့်သွင်းခြင်း လုပ်ငန်းကို ယနေ့ နံနက် (၉) နာရီက တမူးမြို့နယ်၊ မြို့မအုပ်စု ကွင်းအမှတ် ၂၅၅ B ရှိ တောင်သူ ဦးစိုးနိုင်၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး
Mar 10,2023
စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ပိုင်းက စစ်ကိုင်းခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားနည်း (၅) မျိုးသင်တန်း လေ့ကျင့်သင်ကြားပေးလျက်ရှိ
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားနည်း (၅) မျိုးသင်တန်းကို မတ်လ ၉ ရက်နေ့တွင် လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး
Mar 10,2023
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့်
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ
Mar 10,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးအခြေအနေ မေးမြန်းကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားနည်း(၅)မျိုးသင်တန်း ဖွင့်လှစ် သင်ကြား
Mar 10,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားနည်း (၅)မျိုး သင်တန်းကို မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား လှည့်လည်ကြ…
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၈ ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ၊ ငွေကျား ဆီကြိတ်စက်လုပ်ငန်းသို့ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆီကြိတ်စက်ပိုင်ရှင်မှ နေကြာကုန်ကြမ်းရရှိမှု၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့် နေကြာဆီဒေသတွင်း ဖြန့်ဖြူးမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးထားရှိကြောင်း၊ နေကြာ ရိတ်သိမ်းနေချိန်ဖြစ်၍ ကုန်ကြမ်းများ ပိုမိုထွက်ရှိလာမှာဖြစ်ကြောင်း၊ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် နေကြာဆီများ ထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီ ဆီကြိတ်စက်များနှင့် နေကြာဆီများ ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13036
Page
13037
Page
13038
Page
13039
Current page
13040
Page
13041
Page
13042
Page
13043
Page
13044
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department