အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည်‌ တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်‌ကျောင်းအဖြစ်  ဉယျာဉ်ခြံလုပ်ငန်းဖြစ်‌သော နှစ်ရှည်ပင်သီးနှံများကို   အဓိက စိုက်ပျိုးလုပ်ကိုင်သည်သာမက နှစ်တိုသီးနှံပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုပင်ဖြစ်သည့် နနွင်းစိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ နနွင်းများသည် နွေရာသီအချိန်တွင် စတင်တူးဖော်ပြီး   အစိုလိုက် သော်လည်းကောင်း၊  အခြောက်ပြုလုပ်ရာတွင် လည်းကောင်း  ၊ ရောင်းချသည်သာမကတစ်ချို့ နနွင်းစိုက် တောင်သူများမှာ နနွင်းမှုန့်များပြုလုပ်ပြီးပြီး ပြန်လည်ရောင်းချရာတွင် ဈေးကောင်းရရှိကြောင်း သိရသည်။
Mar 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (တတိယ)နေ့ သင်္ချာဘာသာကို ယနေ့ နံနက် (၉) နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းစု) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုမြို့တွင်  ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ (သင်္ချာ) ဘာသာရပ်ဖြေဆိုသော ကျောင်းသား/ကျောင်းသူများအား  ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိပ်သိုစာစစ်ဌာနသို့ လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။
Mar 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြေနုကျွန်းပေါ်၌ စိုက်ပျိုးထားရှိသော ခရမ်းသီးများ အောင်မြင်စွာဖြစ်ထွန်းကြောင်း စာသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးမှ တောင်သူ ဒေါ်ရီသန်းထံသို့ ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။
Mar 10,2023
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစပ် မျိုးဆင်းရွှေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ နေကြာစိုက်ပျိုးသော တောင်သူများအား မျိုးကောင်း၊ မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ နည်းပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများ ကျင်းပခြင်း၊ ပိုးမွှားအန္တရာယ် ကာကွယ်ရေး နည်းလမ်းများ ပညာပေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။