လွိုင်ကော် မတ် ၁၁
ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာရှိ ယာယီ တိုက်ပွဲရှောင်မှ ပြန်လည်ရောက်ရှိလာသော ပြည်သူများထဲမှ ထိခိုက်လွယ် အုပ်စုများ ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၅) နှစ်အောက် ကလေးငယ်များ၊ အသက် (၇၀) နှစ်အထက် ဘိုးဘွားများ၊ မသန်စွမ်း သူများအားထောက်ပံ့ကြေးများ သွားရောက် ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင် (၅) ဦး၊ အသက် (၅) နှစ်အောက် ကလေးငယ် (၈၅) ဦး၊ အသက် (၇၀) နှစ်အထက် ဘိုးဘွား (၁၃) ဦး၊ မသန်စွမ်းသူ (၁၃) ဦး စုစုပေါင်း (၁၁၆) ဦးတို့အား တစ်ဦးလျင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း (၃၄၈၀၀၀၀) ကျပ်တိတိကို ပြည်နယ်လူမှုဝန်းရုံးမှ ပြည်နယ်ဦးစီးမှူး ဦးအေးကျော်နှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)