မော်လမြိုင်ကျွန်း မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယမန်နေ့ ညနေ (၃:၃၀) အချိန်က မော်ဧရာခန်းမ၌ ဆောင်ရွက်သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လုပ်ငန်းရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ၂၀၂၃ ခုနှစ် အစိုးရအစိုးရဓမ္မာစရိယစာမေးပွဲအား (၂၁-၃-၂၀၂၃) မှ (၃၀-၃-၂၀၂၃) အထိ မြို့နယ်သံဃနာယကအဖွဲ့ရုံး၌လည်းကောင်း၊ ပထမပြန်စာမေးပွဲအား (၂၈-၃-၂၀၂၃) မှ (၃-၄-၂၀၂၃) အထိ ဒေါ်မေမေစိန် ဗိမ္မာန်၌လည်းကောင်း ကျင်းပသွားမှာဖြစ်ပြီး စူဠဘွဲ့နှင်းသဘင်အခမ်းအနားအား (၅-၄-၂၀၂၃) ရက်နေ့တွင် မြို့နယ်သံဃနာယကရုံး၌ ကျင်းပပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်လက်၍ ၎င်းစာမေးပွဲဖြေဆိုနေစဉ်အတွင်း ဆရာတော်၊ သံဃာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာရှင် ပြည်သူများက နေ့ဆွမ်း၊ အချိုပွဲ၊ အချိုရည်များအား စုပေါင်း၍ ဆပ်ကပ်လှူဒါန်းမည်ဖြစ် ကြောင်းသိရသည်။
ရဲကိုမောင်(ပြန်/ဆက်)