မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်နေပြည်သူများ ထံမှ အမှိုက်တစ်ပိဿာလျှင်(၁၀၀)ကျပ်နှုန်းဖြင့် အပတ်စဉ်စနေနေ့တိုင်းဝယ်ယူလျက်ရှိ

မော်လမြိုင်ကျွန်း     မတ်   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာအမှိုက်များကင်းရှင်းစေ ရေးနှင့် Clean City၊ Green City၊ Smart City ဖြစ်လာစေရေးအတွက်မြို့နယ်နေပြည်သူများသုံးစွဲ ခဲ့သည့်စွန့်ပစ်အမှိုက်များအား တစ်ပိဿာလျှင် (၁၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူခြင်းလုပ်ငန်းအား အပတ်စဉ် စနေနေ့တိုင်းဝယ်ယူလျက်ရှိရာ ယနေ့ နံနက် (၈) နာရီအချိန်မှ နံနက် (၁၁) နာရီအချိန်အထိ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် အောင်ဆန်း(၁)လမ်းထောင့်၌ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအား ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဇော်မျိုးညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊  အတွင်းရေးမှူး ရဲမှူး မိုးစိန်၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်တို့မှ ကြည့်ရှုအားပေးခဲ့ကြ ပြီးမြို့နယ်နေပြည်သူများသုံးစွဲသည့် စွန့်ပစ်အမှိုက်များအား တစ်ပိဿာလျှင် (၁၀၀)နှုန်းဖြင့် ဝယ်ယူလျက်ရှိကာ အပတ်စဉ်စနေ့နေတိုင်းတွင် ဆက်လတ်ဝယ်ယူမည်ဖြစ်ပြီး ကုန်ကျစရိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ထုတ်ပေးချေဝယ်ယူလျက်ရှိကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)