ရန်ကင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရန်ကင်း မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးစသည့် ဘေးအန္တရာယ်များအား အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကင်းမြို့မရဲစခန်း အိမ်ထောင်သည်လိုင်းခန်းများနှင့် ညနေ ၃နာရီခွဲတွင် ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အိမ်ထောင်သည်လိုင်းခန်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ဆောင်းအကုန် နွေအကူးသို့ စတင်ဝင်ရောက်လာချိန်တွင် မီးဘေးအန္တရာယ်ကို အထူး ဂရုပြုရန်လိုအပ်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှုဖြစ်ပေါ်လာပါက ထိခိုက်နစ်နာ ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ အိမ်ထောင်သည်လိုင်းခန်းများ၊ မြို့ပေါ် ရပ်ကွက်များသို့သွားရောက်ကာ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမူရေး၊ လျှပ်စစ်ဝါ ယာကြိုးများသွယ်တန်းရာတွင် စနစ်တကျ ရှိ/ မရှိ၊ မီးပလပ်/ ခလုတ်များအား ဟောင်းနွမ်း ပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ် ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ ရေကန်များ၌ ရေများဖြည့်တင်းခြင်း စသည့်မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များအားထားရှိစေရေးတို့ကို အသိပညာပေးရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ ဆက်)