တာမွေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

တာမွေ      မတ်      ၁၂

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ်မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်း တိုက်အမှတ် ၁၁၃၉-၁၁၄၀ တွင် ယနေ့မွန်းလွဲ(၁)နာရီ(၂၆ )မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ်မေတ္တာညွန့်ရပ်ကွက်၊ မာလာနွယ်လမ်း၊ တိုက်အမှတ် ၁၁၃၉-၁၁၄၀ တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မီးငြှိမ်းသတ်ယာဉ်(၁၄)စီး၊ ရေသယ်ယာဉ်()စီး၊ အုပ်ချုပ်မှုယာဉ်()စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၉၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၂)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ()နာရီ (၄၀ )မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)