ဒဂုံမြောက် မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၂ ခုနှစ် အစိုးရ ဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော်(၁၀၃)ပါးနှင့် သီလရှင်(၁၁)ပါးတို့အား စာအာင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ပြည်ထောင်စုလမ်းမကြီး၊ တောင်/မြောက်လမ်းဆုံရှိ သန္တိသုခဓမ္မာရုံတွင် ယနေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားအား နမောဒဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပေးပြီး ပန်တျာကိုသန့်ဇော်မှ ထူးမခြားနားရောင်ခြည်တော်ဖွင့်တေးထပ်သုံးပိုဒ်ဖြင့် သီကျူးပူဇော်ပြီး မြို့နယ်ဩဝါဒစရိယဆရာတော်အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဒေါက်တာနေမိန္ဒ၊ မြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်)မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော်ဘ ဒ္ဒတ္တဥတ္တမာဘိဝံသတို့မှ ဩဝါဒကထာများ မိန့်ကြားကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တသူရိယ (အနန္တဂုဏ်ရည်)ဆရာတော်မှ ငါးပါးသီလပေး၍ ဆုတောင်းအမျှဝေပြီး အမှတ်(၄၃)ရပ်ကွက် သာသနနုဂဟအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက မဟာလေးချိုးကြီးဖြင့် သီကျူးပူဇော်သည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ (ပညာရာမကျောင်းတိုက်)မှ စာအောင်စူဠဘွဲ့နှင်းသဘင်နှင့် ၂၀၂၃ ခုနှစ်မတ်လအတွင်း ကျင်းပမည့်အစိုးရ ဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲကိစ္စရပ်များအား ဆရာတော်ကြီးများထံလျှောက်ထားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှသာသနာရေးဆိုင်ရာ ကိစ္စရပ်များအား ဆရာတော်ကြီးများ ထံလျှောက်ထားခြင်းတို့ဆောင်ရွက်ပြီး ရန်ကုန်ပန်တျာကျောင်းနည်းပြဂီတမှူး ကိုသန့်ဇော်မှ တေးထပ်ဖြင့် သီကျူးပူဇော်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စာအောင်သံဃာတော်(၁၀၃)ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေး(၁၁)ပါးတို့အား တာဝန်ရှိသူများမှ စာအောင်ဘွဲ့လက်မှတ်တံဆိပ်နှင့် စာအောင်ဆုများ အသီးသီးဆက်ကပ်လှူဒါန်းအပ်နှင်းခဲ့ကြသည်။ ထို့နောက် “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ ပန်တျာသန့်ဇော်နှင့်အဖွဲ့က”အောင်စေပိုင်စေ” ဖြင့်သီကျူးပူဇော်ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ