(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကေ့ာကရိတ် မတ်    ၁၇

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား ပညာပေး လက်ကမ်းစာစောင်များကို ယနေ့‌ နေ့လယ် (၁၂)နာရီအချိန်က အ.ထ.က(၁)ကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများအား ခရိုင်ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများက  အခမဲ့ ဖြန့်‌‌ဝေပေးခဲ့ကြသည်။

တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊  ဗိုလ်ချုပ်အောင်ဆန်း၏ (၁၃..၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက် တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် ပြည်သူချစ်တဲ့ တပ်မတော် ကဗျာ၊ ပညာပေးကာတွန်း စသည့်အချက်များ ဖော်ပြပါရှိသည်။

သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ သူများနှင့် လာကြိုကြသည့် မိဘအုပ်ထိန်းသူများ၊ စာမေးပွဲ အေးချမ်းစွာဖြေဆိုရန် လာရောက်ကူညီ ဆောင်ရွက်ပေးကြသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးဝန်ထမ်းများက  အထက()ကျောင်း အရှေ့၌ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)