ကြာအင်းဆိပ်ကြီး မတ် ၁၇
၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့၌ ကျရောက်မည့် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်အမှတ်အား တိုင်းရင်းသား မိဘပြည်သူများ အနေဖြင့် လေ့လာသိရှိမှတ်သားနိုင်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်အား ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန အရှေ့သို့သွားရောက်ပြီးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် မှတ်သားဖွယ်ရာများဖြစ်သည့် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိကျေပွန်စွာထမ်းဆောင်၊ ဟူသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ၁၃- ၇ - ၁၀၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်အင်အား (၁၀) ပါး၊ (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ကဗျာဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် ၂၃- ၃- ၂၀၂၂ ရက် နေ့စဉ်ထုတ်မြန်မာ့အလင်းသတင်းစာမှ ပြည်သူချစ်တဲ့ တပ်မတော်၊ ခေါင်းစဉ်ပါကဗျာနှင့် စသည့်သိမှတ်ဖွယ်ရာများအား ထည့်သွင်းဖော်ပြ ထုတ်ဝေထားကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)