အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တော်ခန်းမ၌ CLEAN BANMAW SAFETY BANMAW ဖြစ်မြောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးက CLEAN BANMAW SAFETY BANMAW ဖြစ်မြောက်ရေးအတွက် ဗန်းမော်မြို့နယ်အတွင်းရှိ ပြည်သူများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများအားလုံး ပူးပေါင်း ဆောင်ရွက် ကြဖို့လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Mar 17,2023
ကျောင်းသား/သူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်နှင့် အားလပ်ရက်များတွင် အချိန်များအား အကျိုးရှိရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ခရိုင်အဆင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၃ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်  တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  ယနေ့မွန်းတည့် ၁၂ နာရီက  အ .ထ .က  ( ၁ ) ဇလွန် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား/သူများ၊ မိဘများ၊ ဒေသခံပြည်သူများအား ဖြန့်ဝေ‌ပေးခဲ့ကြသည်။
Mar 17,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ မတ်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2023
ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက သဲကုန်းမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး  ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နွေစပါးတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နွေစပါးစိုက်ဧက ပြည့်မီရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကိုယနေ့ နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။