ဇလွန် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၃ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့မွန်းတည့် ၁၂ နာရီက အ .ထ .က ( ၁ ) ဇလွန် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား/သူများ၊ မိဘများ၊ ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး၊ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ ၊ ( ၁၃.၇.၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ (၂၃.၃.၂၀၂၂) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စာရေးဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားထားသော "ပြည်သူချစ်တဲ့ တပ်မတော်" ကဗျာ၊ "နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့" ဆောင်းပါး၊ ကာတွန်းနှင့် တပ်မတော်နေ့ ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ကျောင်းသား/သူများနှင့် ပြည်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ဝေယံ - ဇလွန် ပြန်/ဆက်)