မကွေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

မကွေး မတ် ၁၇

ကျောင်းသား/သူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်နှင့် အားလပ်ရက်များတွင် အချိန်များအား အကျိုးရှိရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းနားတွင် မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က အခြေခံပန်းချီသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းပန်းချီဆရာက သင်တန်းတွင် သင်ကြားပို့ချမည့် အခြေခံပန်းချီသင်ခန်းစာများ၊ သင်တန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီသင်တန်းကို (၁၇.၃.၂၀၂၃)ရက်နေ့မှ (၇.၄.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားကျောင်းသား/သူကလေးငယ် (၃၀)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိသည်။

ကိုစည်သူ(မကွေး)