ဘောဂလိ မတ် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးရည်ရွယ်ချက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောပြီးနောက် စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းလျှင် အကျိုးရှိမှာအမှန်ပင်၊ သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြပါ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ အမှိုက်များ၏ ဆွေးမြေ့မှု သက်တမ်းများ စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ဒေသနေပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မူးလားလာ(ပြန်/ဆက်)