ချမ်းမြသာစည်မြို့နယ် Community Centre တွင် အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ချမ်းမြသာစည်  မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အိမ်တွင်းအကြမ်းဖက်မှုများကို သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယ‌နေ့ နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး  Talk Show ဆွေးနွေးပွဲတွင် ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် ရုပ်သံကျွမ်းကျင်  (၃) ဒေါ်ညိုညို၀င်းတို့က အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အိမ်တွင်းအကြမ်းဖက်ခံရမှု အမျိုးအစားများ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများ၊ ပတ်၀န်းကျင် လူမှုရေး ပြဿနာများ၊ အိမ်တွင်းအကြမ်းဖက်မှုကို ရှောင်ရှားနိုင်ရေးနှင့် ပပျောက်ရေးဆိုင်ရာ နည်းလမ်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ပြန်/ဆက်)