ပြည် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ပြည်မြို့ "ဖူးပွင့်စ"မူလတန်းကြိုကျောင်း၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် သားငယ်/သမီးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့တပ်လမ်းရှိ တော်ဝင်ရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်နာယကနှင့်မိဘဆရာအသင်းအဖွဲ့ဝင်များ၊ မိဘအုပ်ထိန်းသူများနှင့် ဂုဏ်ပြုခံကျောင်းသား/ကျောင်းသူသားငယ်၊ သမီးငယ်များတက်ရောက်ပြီးရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက မုဒိတာစကားပြောကြားကာ "ဖူးပွင့်စ"မူလတန်းကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှက ကျောင်းဆင်းဂုဏ်ပြုပွဲနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးအမှာစကားပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အဆိုပါကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သော သားငယ်၊ သမီးငယ်(၃၀)ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသားမိဘများကိုယ်စား မိဘတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ဂုဏ်ပြုခံကလေးများနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)