Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jun 22,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jun 22,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ငလျင်ဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကလှူဒါန်းသောပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှစစ်ဆေး
Jun 22,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် မြိတ်ကြက်ခြေနီအသင်း(ခွဲ)မှ စုပေါင်းသွေးလှူဒါန်း
Jun 22,2025
ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် ဒသမအကြိမ် မြိတ်တက္ကသိုလ်မိသားစု၏ စုပေါင်းသွေးလှူဒါန်းပွဲကို မြိတ်တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ)မှကြီးမှူး၍ ဇွန်(၂၁)ရက် နံနက်ပိုင်းက မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင်ကျင်းပခဲ့ပြီး ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့တက်ရောက်
Jun 22,2025
၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၁ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စက်မှုသက်မွေးအထက်တန်းကျောင်းဝန်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်မိုးဟိန်း၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဗျူဟာ(အခြေချ)(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ချင်း ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်စီမံအုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2025
မန္တလေး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အကွက်(၄၁၈)ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(မန္တလေး)၌ ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်ဆန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တမြို့နာ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဇင်ဝင်းထွန်းနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း ၃၃၀ ဦးခန့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်များ စုပေါင်းစိုက်ပျိုးပွဲ ပြုလုပ်
Jun 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မိုးရာသီသစ်ပင်များစုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်(၇)နာရီခွဲအချိန်က ကသာမြို့ ပတ္တာမြားရပ်ကွက်၊ စိန်ဂျိုးဇက်ဘုရားကျောင်းဝင်းအတွင်း မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို ဟောပြောပွဲ၊…
Jun 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1268
Page
1269
Page
1270
Page
1271
Current page
1272
Page
1273
Page
1274
Page
1275
Page
1276
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department