Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒလမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Jun 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 22,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ဆောင်ရွက် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့် မုဒုံမြို့နယ် ကွမ်တာကျေးရွာရှိ အသားတိုးကြက်မွေးမြ…
Jun 22,2025
မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထားချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ မြို့တိုးချဲ့ အိမ်ရာမြေအတွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ) မှ ကွင်းဆင်းဆေးကုသပေး
Jun 22,2025
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-ရန်ကုန်ရုံးခွဲ) ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှနယ်လှည့်ဆေးကုသအဖွဲ့နှင့် ခရမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ကွင်းဆင်း၍ ကျေးရွာနေပြည်သူများအား လာရောက်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှု အသိပညာပေးသရုပ်ပြဆွေးနွေး
Jun 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှု အသိပညာပေးသရုပ်ပြသဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့်စျေးများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
"အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့" အထိမ်းအမှတ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
Jun 22,2025
ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ(၂၁)ရက်နေ့တွင်ကျရောက်သည့် "အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့" အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၄၀/၅)နှင့် (၄၀/၆)ကြား လမ်းညာဘက်ဘေးမြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေး သရုပ်ပြသခြင်းဆောင်ရွက်
Jun 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိပတ်ဝန်းကျင်၊ ရုံးနှင့်ကျောင်းများ၌ အမှိုက်များကိုစနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးသရုပ်ပြသခြင်းကို ဇွန်လ ၂၀ ရက်နေ့ နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်ကွင်းဆင်းသရုပ်ပြ
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ တုံးလှဲချောင်းမြစ်အတွင်း သွားလာပြေးဆွဲနေသော ရေယာဥ်များအား ခရီးသွားပြည်သူများနှင့် တာဝန်ရှိသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိနှင့် ရ.စ.ကဥက္ကဋ္ဌနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ပူးပေါင်အဖွဲ့တို့က Lijack ဝတ်ဆင်မှုသင်ကြားပြသပေးခြင်းနှင့် ရေယာဥ်များအတွက် အသက်ကယ်ဘောကွင်းများ၊ Lijack များအသင့်ထားရှိရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၇) ရပ်ကွက်၊ ပိတောက်လမ်းကမ်းနားနှင့် သဲလမ်းကမ်းနားဆိပ်တို့ တွင် ယမန်နေ့ (၁၀)နာရီခွဲအချိန်က စတင်ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1270
Page
1271
Page
1272
Page
1273
Current page
1274
Page
1275
Page
1276
Page
1277
Page
1278
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department