ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ကြို့ပင်ကောက် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို  ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးမြင့်နိုင်က လူငယ်နှင့်စည်းကမ်းလူငယ်နှင့်ကျန်းမာရေး လူငယ်နှင့်အားကစားစသော လူငယ်ရေးရာသိသင့်သိထိုက်သော ဗဟုသုတများလေ့လာလိုက်စားသင့်သော အားကစားပညာရပ်များအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြော၍ ကျောင်းသား /ကျောင်းသူများနှင့်အတူ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊  ကျောင်းအုပ်‌‌ဆရာကြီး ဦးဇော်မျိုးထက်နှင့်ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၃၀ဝ)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျတု(ပြန် ဆက်)