မန္တလေး ဇွန်လ ၂၂
မန္တလေး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အကွက်(၄၁၈)ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(မန္တလေး)၌ ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်ဆန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တမြို့နာ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဇင်ဝင်းထွန်းနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း ၃၃၀ ဦးခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ကျွန်း၊ ကံ့ကော်၊ စိန်ပန်း၊ ယင်းမာ၊ ခရေ၊ တပေဘူတ၊ မန်ကျည်း၊ တမာစသည့် သစ်ပင်မျိုး ၈ မျိုး၊ စုစုပေါင်း အပင်(၃၀၀)ကို စိုက်ပျိုးကြပေပြီးး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)