Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်လေးပင်မြို့၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jun 22,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ မပြုလုပ်ရသေးသောမိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအားခေါ်ယူ၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်စိုး ဟင်္သာတမြို့နယ်၌ တောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများထောက်ပံ့ပေးအပ်
Jun 22,2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၇ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများသို့ အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ Drum Seeder ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျှော်) ထယ်ထိုးမြေမြုပ်ခြင်းသရုပ်ပြပွဲပြုလုပ်
Jun 22,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် ကွင်းအမှတ်(၄၅၅) ဦးပိုင်(၃၇/၂) ရှိ တောင် သူဦးမြင့်စိုး၏ လယ်မြေ (၅) ဧကတွင် သစ်စိမ်းမြေသြဇာ( ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ၂၀၂၅ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်၂၀၂၅ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက်(၈) နာရီက ကျိုက်လတ်-မော်ကျွန်း ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပ
Jun 22,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲကို ဇွန်လ ၂၀ ရက်နေ့က အောင်လံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ် ကျုံကူကျေးရွာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့်လိုက်လံရောင်းချပေး
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်(၇)နာရီအချိန်က ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာတွင် ရောင်းချပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့၌ ခရိုင်အဆင့် ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်သစ်တောဦးစီးဌာနကကြီးမှူး၍ ပြည်မြို့ဘုရင့်နောင်လမ်းမကြီးဘေးရှိ စက်မှုဇုန်အဝင်လမ်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲကျင်းပ
Jun 22,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) မူခင်းကျဆင်းရေး နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1271
Page
1272
Page
1273
Page
1274
Current page
1275
Page
1276
Page
1277
Page
1278
Page
1279
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department