မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာများလှူဒါန်း

ရန်ကုန် အောက်တိုဘာ ၆

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာလှူဒါန်းခြင်းအခမ်းနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ရန်ကုန်မြို့ ASIA World ဆိပ်ကမ်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခွဲမှုအဖွဲ့မှတာဝန်ရှိသူများ၊ ချစ်မေတ္တာဖောင်ဒေးရှင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာချစ်မေတ္တာဖောင်ဒေးရှင်း၊ မန်နေဂျင်းဒါရိုတ်တာဦးစိုင်းထွန်းကျော်က လှူဒါန်းရခြင်းအကြောင်းပြောကြားရာတွင် ယနေလှူဒါန်းသည့်ပစ္စည်းများသည် ဂျပန်နိုင်ငံတွင်ဘသာဝဘေးကြုံတွေ့လာပါက အသုံးပြုရန်အသင့်ထားရှိသည့် ပစ္စည်းများဖြစ်ကြောင်းနှင့် ဖောင်ဒေရှင်းအနေဖြင့်လှူဒါန်းမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုလှူဒါန်းမည့်စားနပ်ရိက္ခာပစ္စည်းများကို ချစ်မေတ္တာဖောင်ဒေးရှင်းက ဂျပန်နိုင်ငံမှမှာယူပြီး ရန်ကုန်မြို့သို့ ကုန်တင်သင်္ဘောဖြင့် သယ်ယူရောက်ရှိလာမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အားလုံးသိရှိကြပြီးဖြစ်တဲ့အတိုင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်မှပျက်စီးဆုံးရှုံးမှုများ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးနဲ့စစ်ကိုင်းတိုင်းဒေသကြီးတို့ရဲ့နေရာအချို့မှာလဲပြည်သူတို့ရဲ့အိုးအိမ်စည်းစိပ် များစွာပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ရကြောင်း၊ ယခုလှူဒါန်းမှုသည်ရခိုင်ပြည်နယ်အတွင်း စတုဒိသာကျွေးမွေးမှုအစီအစဉ်ဟာ အထောက်အပံ့ကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာများပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

ယနေ့လှူဒါန်းမှုတွင် အသင့်စားထမင်း၊ ငါးသေတ္တာစည်သွပ်ဗူး၊ ငါးကွမ်းရှပ်စည်သွပ်ဗူး၊ ဟင်းသီးဟင်းရွက်ဖျော်ရည်၊ အချိုရည်မျိုးစုံ၊ စုစုပေါင်း ၅၆၄၉၂.၈ ကီလိုဂရမ်၊ ကာလတန်ဖိုးဂျပန်ယမ်း ၁၂၄၀၄၆၁၀ ယမ်းတန်ဖိုးရှိပစ္စည်းများပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ တာဝန်ပေးလမ်းညွှန်မှုကိုခံယူကာ လေယာဉ်/သင်္ဘောတို့ဖြင့်ပြည်တွင်းနှင့် နိုင်ငံတကာမှ လှူဒါန်းရောက်ရှိတဲ့ အလှူပစ္စည်းများကို မိုခါမုန်တိုင်းဒဏ်သင့်စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပေးလျက်ရှိရာ လေယာဉ်ခရီးစဉ်စုစုပေါင်း(၉၆)ခေါက်၊ တန်ချိန်(၄၁၆)တန်ကျော်နဲ့သင်္ဘောခရီးစဉ်(၃၅)ခေါက်၊ တန်ချိန်(၅၀၀၀၀)ခန့်ကိုပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)