သတင်းများ

မိုင်းရယ်မြို့နယ်တွင် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေး
Oct 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မှတ်ပုံတင်ထားရှိသည့် နိုင်ငံရေးပါတီသုံးခုမှ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းနှင့် အဆိုပါစာရင်းရှိပါတီဝင်များ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။
မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟော‌ပြောပွဲ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ ကျင်းပ
Oct 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့မနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသားကျောင်းသူများ၊ စိတ်ဝင်စားသူလူငယ်လူရွယ်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 06,2023
မိုင်းရယ်မြို့တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစားဆရာကြီး/ဆရာမကြီးများနှင့် ပညာရေးဝန်ထမ်းများအား ဂါရဝပြုပူဇော်ကန်တော့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။
လဟယ်မြု့တွင် ဗလငါးတန်နှင့် ပြည့်စုံစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လူငယ်များ ဗလငါးတန် ပြည့်စုံစေရန်နှင့် ဘက်စုံဖွံ့‌ဖြိုးစေရန်ရည်ရွယ်၍ လူငယ်များ အသိပညာပေး ပောပြောပွဲအခမ်းအနားကို ယ‌နေ့ နံနက် (၁၀)မြို့မရပ်ကွက် အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်
Oct 06,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်က ချောင်းဆုံမြို့နယ် ကဒါကျေးရွာခန်းမတွင် မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအေးချမ်းနှင့် မြို့နယ်(မွေး/ကု)ဌာန ဒေါက်တာအေးမင်းတို့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လဟယ်မြို့တွင် အမျိုးသမီးအိမ်တွင်းမှုသက် မွေးလုပ်ငန်းသင်တန်းဆင်းပွဲကျင်းပ
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆)၊ ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲကျင်းပ
Oct 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အောက်တိုဘာ၄ရက်နေ့ မွန်းတည့် (၁၂)နာရီခွဲက ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုရိုးရာခြင်းလုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အောင်နိုင်ရေးအလံပေးအပ်
Oct 06,2023
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၅) ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းသို့ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။