သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ လမ်းခရီးသွားလာရာတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ရွှေပေါက်ကံမြို့သစ်ရှိ အ.ထ.က(ခွဲ)လ(၁၀)ကျောင်းတွင် ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်‌ကြောင်း သိရသည်။
သိန္နီမြို့၌ (၃၀)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် အသက်(၆၅)နှစ်အထက် ပင်စင်စားဆရာကြီး၊ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ
Oct 06,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ (၃၀)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် အသက်(၆၅)နှစ်အထက်  ပင်စင်စားဆရာကြီး၊  ဆရာမကြီးများအား    မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်ကကျင်းပခဲ့သည်။  
မိုင်းယန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Oct 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မြို့နယ်ဌာနဆိုင်ရာရုံးများတွင် စိုက်ပျိုးထားသော စားဖိုဆောင်သီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းမှု ရှိ/မရှိ ခရိုင်ဥက္ကဋ္ဌ လှည့်လည်ကြည့်ရှုစစ်ဆေး
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေဦးခရိုင် ရေဦးမြို့တွင် မြို့နယ်အဆင့် ဌာနရုံးဝင်းခြံမြေ မြေလွတ်နေရာတို့တွင် စားဖိုဆောင်သီးနှံပင်များ စိုက်ပျိုးထားလျက်ရှိရာ အမှန်တကယ် စိုက်ပျိုး ဖြစ်ထွန်းမှုရှိ/မရှိ ယနေ့ နံနက် ၁၀ နာရီက ရေဦးခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူရ ဦးဆောင်၍ ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ပြီး လက်တွေ့ကွင်းဆင်းဆောင်ရွက်
Oct 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ သင်ကြားပို့ချခဲ့ပြီး ယနေ့နံနက်ပိုင်းက လက်တွေ့ကွင်းဆင်း ကောက်ယူခဲ့ကြသည်။
ကျိုင်းတောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့တွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Oct 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် အောက်တိုဘာ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကြယ်စင်ဖြူ မူလတန်းကြိုကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပကြောင်းသိရသည်။
မိုင်းရယ်မြို့နယ်တွင် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေး
Oct 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မှတ်ပုံတင်ထားရှိသည့် နိုင်ငံရေးပါတီသုံးခုမှ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းနှင့် အဆိုပါစာရင်းရှိပါတီဝင်များ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။