သတင်းများ

ကဝမြို့နယ်အတွင်း ဆောင်းသီးနှံ (မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ) ပန်းတိုင်အထွက်နှုန်းပြည့်မီရေး မျိုးကောင်းမျိုးသန့်များအား တောင်သူများလက်ဝယ်သို့ပေးအပ်
Oct 06,2023
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ရှမ်းကန်ကျေးရွာ၊ မကျက်ကြီးကျေးရွာ၊ အင်းဝကျေးရွာနှင့် ဘုမ္မဇိုးကျေးရွာများသို့ သွားရောက်၍ ဆောင်းသီးနှံ (မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ) မျိုးကောင်းမျိုးသန့်များအား တောင်သူများလက်ဝယ်သို့ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများကိုသွေးတိုး၊ဆီးချို၊နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းများ(အခမဲ့)ဆောက်ရွက်ပေး
Oct 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွန်မှု၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများရှာဖွေစစ်ဆေးခြင်း၊ ကုသပေးခြင်းများကို စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေနံနက်(၉)နာရီအချိန်က ရှာဖွေစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ
Oct 06,2023
 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်  ခရိုင်၊ ငပု တောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ကြောင်းသိရသည်။
မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၁) အခြေခံပညာ‌မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာဟောပြောပွဲကျင်းပ
Oct 06,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၁) အခြေခံပညာ‌မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ် စဥ် (၃/၂၀၂၃) ဆင်းပွဲကျင်းပ
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟင်္သာတခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဥ် (၃/၂၀၂၃) ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ကျုံပျော်တွင်  တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းများ ဆောင်ရွက်။
Oct 06,2023
ပြည်သူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် အ.ထ.က(ခွဲ)၊ သူငယ်တော် ကျွန်းရွှေဝါခန်းမတွင် လူငယ်ရေးပညာပေးဟောပြောပွဲကျင်းပ
Oct 06,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျွန်းရွှေဝါခန်းမ၌ ကျင်းပကြောင်း သိရသည်။
အုတ်တွင်းမြို့နယ် စိုက်ပျိုး/ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို စိုက်ပျိုးရေးဘာသာရပ်အား လက်တွေ့သင်ကြားပြသ
Oct 06,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာ၌ ဖွင့်လှစ်ထားရှိသော စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်း (ညောင်ခြေထောက်)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ပညာသင်ကြားပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။