ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုရိုးရာခြင်းလုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အောင်နိုင်ရေးအလံပေးအပ်

ပဲခူး အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ() ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းသို့ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းမှ အားကစားသမားများ၊ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနှင့်နည်းပြများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် အမျိုးသားရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး စွမ်းရည်တိုးတက်မြင့်မားစေရေး အားကစားနည်းများအလိုက် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့် အနိုင်/ အရှုံး တစ်ခုတည်းကို ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ပဲ ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစသည့် အခြေခံကောင်းများကို အရင်းပြုပြီး အစဉ်အလာကောင်းခဲ့သော ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်ကာ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များအပြင် အသင်းလိုက်တံခွန်စိုက် ဆုဖလားရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ဩဝါဒစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၂၂)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ပြိင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေနှင့် စုစည်းလေ့ကျင့်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အမျိုးသမီးအသင်းလိုက် ဒုတိယဆု၊ အမျိုးသမီးတက်သစ်စဆု၊ ၂၀၂၂ ခုနှစ်တွင် အမျိုးသား/အမျိုးသမီးအသင်းလိုက်တတိယဆု၊ အမျိုးသားအတိုးတက်ဆုံးဆုနှင့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပန်းတောင်းမြို့နယ်မှ  မောင်အောင်မြင့်မြတ်က ရွှေတံဆိပ်()ခု၊ ကြေးတံဆိပ်()ခု၊ ပြည်မြို့နယ်မှ မောင်မင်းသစ္စာအောင်က ရွှေတံဆိပ်()ခု၊ ကြေးတံဆိပ်()ခု အသီးသီးဆွပ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)