သတင်းများ

ချောင်းသာဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့ဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ " ကမ္ဘာ့ဆရာများနေ့ "(World Teachers' Day) အခမ်းအနားကျင်းပ
Oct 06,2023
အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့ဆရာများနေ့ "  (World Teachers' Day) အခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့၊ အခြေခံပညာမူလတန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျဘန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က( ငွေဆောင်) တွင် ယမန်နေ့ နေ့လည်( ၁း၀၀) နာရီက  ယမန်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့အား ဂုဏ်ပြုသည့် အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ၊ ကျဘန်းစကားပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် သက်ကြီးဘိုး/ ဘွားများအား အိမ်တိုင်ရာရောက်ဂါရဝဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်
Oct 06,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုငွေများကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ သက်ကြီးဘိုး/ ဘွားများအား ဂုဏ်ပြုပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ဂါရဝဂုဏ်ပြုချီးမြှင့်​ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 06,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အင်းတော်မြို့နယ်ရုံးတို့ ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့၌​ ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 06,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ကမ္ဘာ့ဆရာများ​နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၉နာရီအချိန်က ​ချောက်မြို့ အမှတ်(၁)အ​ခြေခံပညာအထက် တန်း​ကျောင်း မြရိပ်ညိုခန်းမ၌ကျင်းပခဲ့သည်။
မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ  ယှဉ်ပြိုင်
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို   စခန်းကြီး အ.ထ.ကနှင့် ငုအိုင် အ.ထ.က (ခွဲ)တို့က ယမန်နေ့နေ့လည် (၂) နာရီအချိန်က မြောင်းမြမြို့၊ မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။
ရွှေကျင်မြို့နယ်တွင် "လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 06,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် (Woman Club)၊ (Book Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။