သတင်းများ

နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ ထပ်ဆောင်းထောက်ပံ့ငွေ ၊ ဆန်နှင့်စားသုံးဆီများပေးအပ် ၊ ဘောလုံးပွဲကြည့်စင် ပြုပြင်မွမ်းမံပြီးစီးမှု ကြည့်ရှုစစ်ဆေး
Oct 08,2023
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်)သို့သွားရောက်ကာ သင်တန်းသား ၊ သင်တန်းသူများနှင့်တွေ့ဆုံပြီး ထပ်ဆောင်းထောက်ပံ့ငွေ၊ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။
စာရေးဆရာ ကိုရွှေအောင်သင်း ရေးသားထုတ်ဝေသော “မျှော်ရစ်လမ်းကလေး” စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ   
Oct 08,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ‌ ကိုရွှေအောင်သင်း၏ “မျှော်ရစ်လမ်းကလေး” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဖိုးထောင်ဇာတ်လမ်းစုံ စာအုပ်ဖြင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ  ကျင်းပ
Oct 08,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အမျိုးသားစာပေဆုရှင် စာရေးဆရာ စိုးတင့်(ဧရာဝတီ)ရေးသားသည့် ဖိုးထောင်ဇာတ်လမ်းစုံ စာအုပ်ဖြင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု ဖွင့်လှစ်
Oct 08,2023
ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက်‌ ယနေ့တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု ဖွင့်လှစ်ခဲ့ရသည်။
ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ရန်ကုန်-မော်လမြိုင် ကားလမ်းရေကျော်
Oct 08,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ်(၁၀၆)နှင့်(၁၀၇)ကြား တစ်နေရာလျှင် အရှည်(၅၀၀)ပေခန့်ရှိ နေရာသုံးနေရာတို့တွင် ရေ(၆)လက်မခန့် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။
သပိတ်ကျင်းမြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားနှင့် အသက်(၇၀)နှစ်အထက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Oct 08,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် အသက်(၇၀)နှစ်အထက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ကဘဲ့ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်ကော်မြို့၊ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကြည့်ရှု
Oct 08,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်နှင့်အခြားရောဂါများကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့်ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။