သတင်းများ

ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား အခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)နှင့် Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Oct 08,2023
ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလားအခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)နှင့် Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
မြစ်ကြီးနားမြို့ရှိ  သွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် (စွန့်ဦးတီထွင်) လုပ်ငန်း
Oct 08,2023
နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။
ကချင်ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ကွန်ပေါင်းဓာတ်မြေသြဇာ တင်သွင်းခွင့်ရရှိနိုင်ရေး ညှိနှိုင်းဆွေးနွေး
Oct 08,2023
ကချင်ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာများ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ငဖဲမြို့နယ်၌ ဝါသီးနှံ ၂၀၂၃ ဧက စိုက်ပျိုးပြီးစီး
Oct 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဝါသီးနှံစိုက်ပျိုးရန် ၃၁၅၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယမန်နေ့ထိ ၂၀၂၃ ဧက စိုက်ပျိုးပြီးစီးနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ပြည်သူ့ဆေးရုံကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံတပ်မတော်သားများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
Oct 08,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ သန့်ရှင်းသပ်ရပ်သော မြို့ပြများပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 08,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် အောက်တိုဘာ ၆ ရက် ၊ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး လျှပ်စစ်စစ်ဆေးရေးဦးစီးဌာန(EI)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွေး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
Oct 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုလဲကျေးရွာအုပ်စု အုန်းနှဲကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ကဒက်ချောင်းရေလျှံမှုဖြစ်သဖြင့် နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်
Oct 08,2023
 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာ (၆)ရက် နေ့လယ်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းမှုကြောင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကဒတ်ချောင်းရေလျှံမှုဖြစ်ပွားကာ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန်တိုးချဲ့ ကွက်သစ်ရှိ မြေနိမ့်ပိုင်း နေအိမ်များသို့ ရေများ ၀င်ရောက်ခဲ့သည်။