သတင်းများ

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ
Oct 08,2023
မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက်တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ခန္တီးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက် ကဗျာ/ပန်းချီပြိုင်ပွဲ ပြုလုပ်
Oct 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား/သူလေးများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာ/ ပန်းချီပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Oct 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သကြားစက်၌ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ရွှေဘိုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ရွှေဘိုခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
Oct 08,2023
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ ရွှေဘိုစက်မှုဇုန်အတွင်းရှိ တစ်ရက်လျှင် တန် ၁၀၀ ကျသည့် တိုးတိုးဆန်စက်၊ တစ်ရက်လျှင် တန် ၅၀ ကျသည့် မိဘဂုဏ်ဆန်စက်နှင့် တစ်ရက်လျှင် တန် ၁၅၀ ထုတ်လုပ်နေသည့် KT မွေးမြူရေးအစာတောင့်စက်ရုံနှင့် အေးရွှေစင်ဆီစက်လုပ်ငန်းများသို့ ရောက်ရှိရာ လုပ်ငန်းရှင်များမှ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စပါးကြိတ်ခွဲထုတ်လုပ်နေမှု၊ မွေးမြူရေးအစာတောင့်ထုတ်လုပ်နေမှု၊ မြေပဲဆီသန့်နှင့် နှမ်းဆီသန့် ထုတ်လုပ်နေမှု၊ ကုန်ကြမ်းလုံလောက်စွာရရှိမှု၊ ထုတ်ကုန်များကို အရည်အသွေးမြင့်စေမားစေရန် ကြိုးပမ်းဆောင်ရွက်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများရရှိကာ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်၍ ဈေးကွက်သို့ ကုန်ပစ္စည်းလုံလောက်အောင် ထုတ်လုပ်တင်ပို့ရောင်းချနေမှု၊ လျှပ်စစ်ဓာတ်အားနှင့် လုပ်သားရရှိမှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများနှင့်
(၄၄)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ
Oct 08,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၄) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၁၁ နာရီက မြို့မ (၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ​ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တောင်ငူ၌ ဆောင်းသီးနှံ (ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ) ပန်းတိုင်အထွက်နှုန်းပြည့်မီရေး မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးအပ်
Oct 08,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ  ဆင်ဆိပ်၊ လဲဘူး၊ ထန်းကုန်း၊ စပါးကြွယ်နှင့်  ဘိုကတော်ကျေးရွာအုပ်စုများရှိ တောင်သူများအား မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊  အထွက်ကောင်းမျိုးများ အသိပညာပေးခြင်းနှင့် တောင်သူလက်ဝယ်သို့ ဖြန့်ဖြူးပေးအပ်ပွဲကို အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ) ကျောင်းခန်းမ၌  ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကုတင် ၂၀၀ ဆံ့၊ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံ ကြည့်ရှုအားပေး
Oct 08,2023
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၂၀၀ ဆံ့၊ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
တာမွေမြို့နယ်၌ မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (၁/၂၀၂၃) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် (၁/၂၀၂၃) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း ခြံအမှတ်(၂၅)ရှိ မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။