ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု ဖွင့်လှစ်

ကျိုက်ထို အောက်တိုဘာ ၈

ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက်‌ ယနေ့တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု ဖွင့်လှစ်ခဲ့ရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခုတွင် ဇေယျာမွန်ရပ်ကွက် တောရရွှေဂူဘုန်းကြီး‌ကျောင်း၌ အိမ်ထောင်စု (၃၅)စု၊ လူဦးရေ ကျား (၆၉)ဦး၊ မ(၇၁)ဦး၊ စုစုပေါင်း (၁၄၀)ဦး၊‌ ကော့စံနိုင်ရပ်ကွက် တောရဘုန်းကြီးကျောင်း၌ အိမ်ထောင်စု (၉၇)စု၊ လူဦးရေ ကျား (၁၇၅)ဦး၊ မ(၂၂၂)ဦး စုစုပေါင်း (၃၉၇)ဦး၊ မြောက်ပိုင်းရပ်ကွက် သာသနာ့ပါလဘုန်းကြီးကျောင်း၌ အိမ်ထောင်စု(၆)စု လူဦးရေ ကျား (၇)ဦး၊ မ (၁၁)ဦး စုစုပေါင်း (၁၈)ဦးဖြစ်ပြီး မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း (၃)ခုတို့တွင် လာရောက်နေထိုင်သည့် အိမ်ထောင်စု  (၁၃၈)စု၊ လူဦးရေ ကျား (၂၅၁)ဦး၊ မ (၃၀၄)ဦး၊ စုစုပေါင်း (၅၅၅)ဦးတို့မှ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်အိမ်‌ထောင်စုများ၏ နေထိုင်စားသောက်ရေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် အလှူရှင်များမှ လှူဒါန်းပြီး သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကျန်းမာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းသန်းမော်(ပြန်/ဆက်)