သပိတ်ကျင်း အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် အသက်(၇၀)နှစ်အထက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ကဘဲ့ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (အ.ထ.က)သပိတ်ကျင်း ကျောင်းသား၊ ကျောင်းသူများမှ "မြတ်ဆရာ"သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီး တာဝန်ခံ ခေတ္တမြို့နယ်ပညာရေးမှူး ဦးမြင့်သိန်းက ကုလသမဂ္ဂအောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ထိုနောက် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်အထက် ဖိတ်ကြားထားသည့် ကန်တော့ခံ ဆရာကြီး/ဆရာမကြီး (၁၃)ဦးအား တက်ရောက်လာကြသော ဆရာ/ဆရာမများမှ ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ ကန်တော့ခံဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီးဦးတင်မြင့်မှ သြဝါဒဆုပေးစကားများ ပြန်လည်ပြောကြားခဲ့ကာ (အ.ထ.က) ကျောင်းသား၊ ကျောင်သူများမှ "လမ်းပြကြယ်"သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)