ဇမ္ဗူသီရိ အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ပုဗ္ဗသီရိတပ်နယ်မှ ဒုဗိုလ်မှူးကြီး အောင်အောင်နှင့် တပ်မတော်သားများ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကာ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ နွယ်မြက်ချုံများ ရှင်းလင်းခြင်း၊ အမှိုက်များအား အမှိုက်ကားများဖြင့် သိမ်းဆည်းဆောင်ရွက်ကာ စနစ်တကျစွန့်ပစ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြရာ အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်နေမှုအား နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်မှ လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ အများပြည်သူသွားလာလျက်ရှိသည့် လူစည်ကားရာနေရာများတွင်လည်း အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)