ကျိုက်ထို အောက်တိုဘာ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ်(၁၀၆)နှင့်(၁၀၇)ကြား တစ်နေရာလျှင် အရှည်(၅၀၀)ပေခန့်ရှိ နေရာသုံးနေရာတို့တွင် ရေ(၆)လက်မခန့် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါကားလမ်းရေကျော်မှုကြောင့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနဦးစီးမှူး ဦးကျော်မျိုးသူနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရွှေသံလွင်ကုမ္ပဏီတို့မှပူးပေါင်း၍ လမ်းကြောင်းရှင်းလင်းပြသပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းမော်(ပြန်/ဆက်)