မြဝတီ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာ သင်ကြား/သင်ယူမှုအပြင် ပြင်ပဗဟုသုတကြွယ်ဝစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက တောင်တန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ရေပူဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်များအနေဖြင့် လိမ္မာရေးခြားရှိစေရေးအတွက် အသိပညာ၊ အတတ်ပညာသာမက ပြင်ပစာပေဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်းနှင့် ငယ်ရွယ်စဉ်မှစ၍ ထူးချွန်ထက်မြတ်စေရေန်ဘဝ ရည်မှန်းချက်များထားရှိရမည် ဖြစ်ကြောင်းတိုကို ဟောပြောပေးပြီး ကျောင်းသား/ကျောင်းသူများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးကာ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသပေးသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာ အုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)