ဇလွန် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တောင်ပို့တစ်ရာကျေးရွာအုပ်စု အ.မ.က ရေလယ်သောင်ကျောင်းကုန်းအနီး ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သော နေရာတွင် ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များ ပြုလုပ်နေမှုအား ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကမ်းပြိုကမ်းစားမှု သက်သာစေရန် ဆောင်ရွက်ထားရှိ မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကမ်းပြိုမှုဖြစ်ပွားခဲ့သော တောင်ပို့တစ်ရာ ကျေးရွာအုပ်စု အ.မ.က ရေလယ်သောင်ကျောင်းကုန်းအနီး ဖြစ်ပွားသောနေရာအား ခရိုင်ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက Floating Unit ပေ (၈၀၀)ခန့်၊ ရေများချိန်တွင် အရေးပေါ်လုပ်ငန်းအနေဖြင့် ရေတောင် ဝှေးချခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိ၍ ကမ်းပြိုကမ်းစားမှု ပိုမိုသက်သာစေရန် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)