အမ်း အောက်တိုလာ ၁၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန မြို့မမိုးလုံလေလုံအားကစားခန်းမတွင် ဘော်လီဘောအားကစားအသင်း အောင်မြင်မှုရရှိစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောအားက စားပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆို ပါပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းပါဝင်ယှဉ်ပြိုင်ရန်အတွက် အဆိုပါဘော်လီဘောအားကစားအသင်းအား အရာထမ်း/အမှု ထမ်းများ အုပ်ချုပ်သူနည်းပြ(၅) ဦးမှ ဦးဆောင်၍ ဘော်လီဘောအားကစားသမား (၂၄)ဦးအားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ရခိုင်ပြည်နယ်အသင်း ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဘော် လီဘောအားကစားအသင်း လေ့ကျင့်သင်ကြားနေမှုအား ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြပြီး ထောက်ပံ့ငွေနှင့် အားဖြည့်အချိုရည်၊ခေါက်ဆွဲထုတ်၊ ရေသန့်ဗူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)