ဥတ္တရသီရိ အောက်တိုဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသော အီလက်ထရောနစ် မဲပေးစက်(MEVM)စက် အသုံးပြုနည်းနှင့်ပတ်သက်၍ ရှင်းလင်းသရုပ်ပြခြင်း အခမ်းအနားကို အောက်တိုဘာ ၁၁ရက်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)စက် အသုံးပြုခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို Power Pointဖြင့် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ပြည်သူများအား လက်တွေ့စမ်းသပ် သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်၊ အဖွဲ့ဝင် ဦးခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်း၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)