သတင်းများ

မိုးနဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်
Mar 31,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ဘိုးဘွားများအား(ပဉ္စမအကြိမ်) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်း
Mar 31,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘိုးဘွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာခန်းမတွင် ကျင်းပသည်။
အလုံမြို့နယ်၌ အခြေခံတရုတ်စာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်းက အခြေခံတရုတ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
မြန်အောင်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Mar 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်း‌လျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန်နှင့် ဒေသခံ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြန်အောင်ခရိုင် စုပေါင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပဲခူးမြို့တွင် ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရဓမ္မာစရိယစာမေးပွဲနှင့်၊ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆိုတော်မူ
Mar 31,2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေးတည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွါးစေရန် ဓမ္မာစရိယစာမေးပွဲနှင့်၊ ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းစာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ပဲခူးမြို့တွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်မှ စတင်၍ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး အပေါ်ထပ်၊ အောက်ထပ်နှင့် ချမ်းမြေ့ဇေယျာ သာမဏေကျော်ကျောင်းတိုက်တို့တွင် ဒုတိယနေ့ဆက်လက်ဖြေဆိုတော်မူကြသည်။
ဇမ္ဗူသီရိမြို့နယ်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 31,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များ ဖြစ်ပေါ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
ကလောမြို့၌ ၂၀၂၆ ခုနှစ် နွေရာသီအ‌ခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2026
ကျောင်းသား/သူများအား နွေရာသီကာလကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ လူငယ်အနာဂတ် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာ‌စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအ‌ခြေခံအားကစားသင်တန်းဆင်းပွဲကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်‌ရောက်ခဲ့ကြသည်။
ပေါင်းတည်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်‌ဖြေဆို
Mar 31,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ပေါင်းတည်ပါဠိပထမပြန်စာမေးပွဲစာစစ်ဌာန သာသနာ့ဗိမာန်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ အေးချမ်းစွာ ဆက်လက်ဖြေဆိုတော်မူကြကြောင်း သိရသည်။